။ နံနက်ခင်းချိန် ဩဝါဒကထာ(စကား) ။

လာဘ်လာဘကို ကြိုက်ရင် စရိုက်ကြမ်းတမ်းမယ်။။ စိတ်အလိုကို လိုက်ရင် လူမိုက်ဖြစ်နေမယ်။။ မာန်မာနကို ပိုက်ရင် စိတ်ထားညစ်နွမ်းမယ်။။ သူ့အလိုကို လိုက်ရင် အကျင့်ပျက်စီးမယ်။။ ကိုယ့်အလိုကို လိုက်ရင် မောဟဖိစီးမယ်။။ ဘာသာရေးနောက်ကို လိုက်ရင် အမျိုးမျိုးမှားမယ်။။ နိုင်ငံရေးနောက်ကို လိုက်ရင် အမျိုးမျိုးယုတ်မာမယ်။။ စီးပွားရေးနောက်ကို လိုက်ရင် အကျိုးအမျိုးမျိုးပျက် မယ်။။ လူမှုရေးနောက်ကို လိုက်ရင် အမျိုးမျိုးရှက်ရမယ်။။ နောက် မလိုက် သတိစိုက်ပြီး နေထိုင်စေ။ တောင်ကလေးဆရာတော်(၂.၅.၂၀၁၉)ရက်နေ့။